Lashio Education Degree College

မျှော်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Vision and Mission

Vision (မျှော်မှန်းချက်)

ယုံကြည်ချက်ခိုင်မာပြီး ခံယူချက်နှင့်အတွေးအခေါ် မှန်ကန်၍ ဆရာ့ဘဝကို မြတ်နိုး တန်ဖိုးထားတတ်ကာ အစဉ်လေ့လာသင်ယူ၍ တီထွင်ဆန်းသစ်နိုင်သည့် စွမ်းရည် ပြည့်ဝသော စာရိတ္တကောင်းမွန်သည့် အရည်အသွေးပြည့် ဆရာကောင်း၊ ဆရာမွန်များ မွေးထုတ်ပေးနိုင်သည့် ကျောင်းအဖြစ် အစဉ်ရပ်တည်သွားမည်။

Mission (လုပ်ငန်းစဉ်)

၁။ လေးနှစ်သင် ပညာရေးဒီဂရီကောလိပ် ပီပြင်စွာ အကောင်အထည်ဖော်ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ပြည်နယ်အစိုးရတို့၏ လမ်းညွှန်မှုကိုခံယူကာ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်မည့် ကဏ္ဍအလိုက်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်သွားရန်။

၂။ နိုင်ငံတော်တည်ဆောက်ရေးကို အထောက်အကူပြုနိုင်သည့် ပညာရေးစနစ် ဖြစ်ထွန်းလာရေးအတွက် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်။

၃။ သင်ကြားရေးနှင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန် သင်ကြားရေးဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား အခါအားလျော်စွာ အရည်အသွေးမြှင့်သင်တန်းများ စီစဉ်ဆောင်ရွက်ပေးရန်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ခွင့်ပြုရန်။

၄။ ICT နည်းပညာများ အသုံးပြု၍ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်များ မြှင့်တင်ရေးနှင့် သုတေသန လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်။

၅။ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုအမွေအနှစ်ကောင်းများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက် သွားရန်။

၆။ ပိုမိုပွင့်လင်းမြင်သာသည့် အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှု၊ ကျောင်းသား ရေးရာနှင့် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်ရန်။

၇။ ဒေသတွင်း လူမှုဘဝအခြေအနေနှင့် ချိတ်ဆက်နိုင်မည့် ဒေသတွင်း သင်ရိုးဝင် ဘာသာရပ်များ ထည့်သွင်း သင်ကြားပို့ချနိုင်ရန် ဆောင်ရွက်ရန်။

၈။ အခြားကောလိပ်များနှင့် ချိတ်ဆက်၍ အတွေ့အကြုံ နှီးနှောဖလှယ်ခြင်း၊ ပြဿနာများ ပူးပေါင်း အဖြေရှာခြင်းနှင့် သင်တန်းသားများ ဖလှယ်ခြင်းများ ဆောင်ရွက်ရန်။

၉။ ပြည်တွင်း၊ ပြည်ပလေ့လာရေးခရီးစဉ်များ စီစဉ်၍ အတွေ့အကြုံဗဟုသုတများ ရှာဖွေလေ့လာ သင်ယူစေ ခြင်းများ ဆောင်ရွက်ရန်။

၁၀။ ဝန်ကြီးဌာနများ၊ အခြားလူမှုအဖွဲ့အစည်းများမှ ပညာရှင်များအား အခါ အားလျော်စွာ ဖိတ်ကြား၍ သင်တန်းသားများကို ဟောပြောပို့ချပေးခြင်း၊ မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးရန်။

၁၁။ E-Library စနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများ သိမ်းဆည်းခြင်း၊ ပညာရပ်ဆိုင်ရာစာအုပ်များ ပိုမိုစုဆောင်းထားရှိနိုင်ရေး ဆောင်ရွက်ရန်။

၁၂။ ကျောင်းကျန်းမာရေးဆေးခန်း ထားရှိနိုင်ရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများ၊ ဝန်ထမ်း အိမ်ယာထိန်းသိမ်းရေး၊ အဆောင်နေကျောင်းသားများ စာရေး၊နေရေးကိစ္စများ ပိုမို အဆင်ပြေအောင် ဆောင်ရွက်ခြင်းများပြုလုပ်ရန်။

၁၃။ ဒီဂရီကောလိပ်ပဋိဉာဥ်နှင့်အညီ သမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း၍ အတူတကွပူးပေါင်းကာ အားကစား၊ လူမှုအကျိုးပြုလုပ်ငန်းများ၊ ကျောင်းတွင်းလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်။